Proverbs 10:1
ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား ၊ အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။
Cross References
Proverbs 1:1ပညာတရား ၊ နည်း ဥပဒေသတရားကိုသိ ၍၊ ဉာဏ် နှင့်ယှဉ်သောစကား ကိုနားလည် မည်အကြောင်း ၊
Proverbs 17:21မိုက် သောသူကို ဖြစ်ဘွား စေသောသူသည် မိမိ ကို မိမိဝမ်းနည်း စေတတ်၏။ မိုက် သောသူ၏အဘ ၌ ဝမ်းမြောက် စရာအကြောင်းမ ရှိ။
Proverbs 19:13မိုက် သော သား သည် အဘ ဆင်းရဲ စရာ အကြောင်း ဖြစ်၏။ ရန်တွေ့ တတ်သောမယား သည်လည်း ၊ အစက် စက်ကျသော မိုဃ်း ပေါက်နှင့်တူ၏။
Proverbs 23:24ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။
Proverbs 25:1ယုဒ ရှင်ဘုရင် ဟေဇကိ လူ တို့ကူးရေး သော ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊
Proverbs 29:15ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။