Proverbs 2:5
ထာဝရဘုရား ကို ကြောက် သောသဘော ၌ ကျင်လည်၍ ၊ ဘုရား သခင်ကိုသိသော ဉာဏ် နှင့် ပြည့်စုံ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Then shalt thou understand the fear of the LORD, and find the knowledge of God.
In Context
Cross References
Job 28:28လူ တို့အား လည်း ထာဝရ ဘုရားကို ကြောက်ရွံ့ ခြင်းသည် ပညာ ဖြစ်ကြောင်းနှင့် ၊ ဒုစရိုက် ကို ရှောင် ခြင်း သည် ဉာဏ် ဖြစ်ကြောင်းကို မိန့် တော်မူပြီဟုမြွက်ဆို၏။
Proverbs 9:10ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောသည် ပညာ ၏မူလ အမြစ် ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကိုသိကျွမ်း သော သဘောသည် ဉာဏ် ဖြစ်၏။
Isaiah 33:6ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
Jeremiah 24:7ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို၊ သူတို့ သိ နိုင်သော စိတ် နှလုံးကို ငါပေး မည်။ သူတို့သည် ငါ ၏လူ ဖြစ် ကြ၍ ၊ ငါ သည်လည်း သူ တို့၏ ဘုရား သခင်ဖြစ် လိမ့်မည် ။ ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ နှင့် ပြန် လာကြလိမ့်မည်။
Jeremiah 32:40သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။
Matthew 7:7တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့။ ခေါက်လျှင် ဖွင့် မည်။