Proverbs 20:1
စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ မ ရှိ။
မြန်မာကျမ်းစာ
In The King James Version
Wine is a mocker, strong drink is raging: and whosoever is deceived thereby is not wise.
In Context
Cross References
Genesis 9:21စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။
Genesis 19:33ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။
2 Samuel 11:13ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ၍ ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ မ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။
1 Kings 20:16မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
Proverbs 23:29အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
Proverbs 31:4အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။