Proverbs 23:29
အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
မြန်မာကျမ်းစာ
In The King James Version
In Context
28သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။
Cross References
Genesis 49:12သူ၏မျက်စိ သည် စပျစ်ရည် နှင့် နီ လိမ့်မည်။ သွား သည်လည်း နို့ နှင့် ဖြူ လိမ့်မည်။
2 Samuel 13:28အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
Proverbs 20:1စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ မ ရှိ။
Isaiah 5:11သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Isaiah 28:7သို့ သော်လည်း၊ ထို သူတို့သည် စပျစ်ရည် ကြောင့် မှားယွင်း ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့သည် သေရည် သေရက် ကြောင့် မှားယွင်း ကြပြီ။ စပျစ်ရည် နှင့် မွှန် ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ဗျာဒိတ် ခံသည် အရာ၌ မှားယွင်း လျက်၊ တရားစီရင် သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
Matthew 24:49ကျွန်ချင်း တို့ကို ရိုက်ပုတ် လျက် သေသောက်ကြူး သောသူ တို့နှင့်တကွ စား သောက် လျက်နေ၏။