Proverbs 20:28
ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။
မြန်မာကျမ်းစာ
In The King James Version
Mercy and truth preserve the king: and his throne is upholden by mercy.
In Context
27လူ ၏စိတ် ဝိညာဉ်သည် ကိုယ် အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေး သော ထာဝရဘုရား ၏ မီးခွက် ဖြစ်၏။
29လူပျို ၏ဘုန်း ကား အစွမ်း သတ္တိ၊ လူအို ၏ ဂုဏ်အသရေ ကား ဖြူ သော ဆံပင်ဖြစ်၏။
Cross References
Psalms 21:7အကြောင်း မူကား၊ မင်းကြီး သည် ထာဝရဘုရား ကို ကိုးစား ၍ ၊ အမြင့်ဆုံး သောဘုရား၏ကရုဏာ တော်ကြောင့် တည်ကြည် တတ်ပါ၏။
Psalms 61:7ဘုရား သခင်ရှေ့ တော်၌ အနန္တ ကာလပတ်လုံးနေ တော်မူစေသတည်း။ ကရုဏာ နှင့် သစ္စာ တော်သည် သူ့ ကို စောင့်မ စေသတည်း။
Proverbs 3:3ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။
Proverbs 16:12ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။
Isaiah 16:5ရာဇ ပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည် လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ သောသူသည် ဖြောင့်မတ် စွာ စစ်ကြော ၍ ၊ တရား မှုကို အလျင် အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ် မင်း၏ တဲ တော်၌ တရား စီရင်တော်မူလိမ့်မည်။