Proverbs 20:6
လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား ၊ အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။
မြန်မာကျမ်းစာ
In The King James Version
Most men will proclaim every one his own goodness: but a faithful man who can find?
In Context
5လူ စိတ် နှလုံး၌ ပညာအကြံ သည် နက် သော ရေ နှင့်တူသော်လည်း ၊ ဉာဏ် ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။
Cross References
Psalms 12:1အိုထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ သူတော်ကောင်း မျိုးသည် ပြတ် ၍ သစ္စာရှိ သောလူမျိုးသည် လူ သား တို့တွင် ကွယ်ပျောက် ပါ၏။
Proverbs 25:14ပေး မည်ဟု ဝါကြွား ၍ မ ပေးဘဲနေသောသူ သည် မိုဃ်း ရေမ ပါသော တိမ် နှင့် လေ ကဲ့သို့ဖြစ်၏။
Ecclesiastes 7:28ယောက်ျား တထောင် တို့တွင် တယောက် ကို ငါတွေ့ ပြီ။ မိန်းမ တထောင်တို့တွင် တယောက်ကိုမျှ ငါမ တွေ့။
Micah 7:1ငါ သည် အ မင်္ဂလာရှိ၏။ နွေ ကာလ၌ ဆွတ် သော သင်္ဘောသဖန်းသီးကဲ့သို့ ၎င်း ၊ လိုက်၍ ကောက် သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎င်း ငါဖြစ် ၏။ စား စရာဘို့ စပျစ်သီးပြွတ် မ ရှိ။ အဦး မှည့်သော သင်္ဘောသဖန်းသီး ကို ငါ တောင့်တ ရ၏။
Matthew 6:2ထိုကြောင့် သင်သည် အလှူဒါန ကို ပေး သောအခါ လျှို့ဝှက် သောသူ တို့သည် လူ များအချီးအမွမ်း ကို ခံလို၍ ပွဲ သဘင်လမ်း ခရီး၌ မိမိ တို့ရှေ့ မှာ တံပိုး ခရာမှုတ်စေသည်နည်းတူ မ ပြု နှင့်။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုရ ကြပြီ။
Luke 18:11ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။