Proverbs 21:12
တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
13ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။
Cross References
Genesis 19:29ထိုသို့ ဘုရား သခင်သည် ချိုင့်ထဲမှာ ရှိ သောမြို့ တို့ကို ဖျက်ဆီး သောအခါ အာဗြံဟံ ကို အောက်မေ့ တော်မူ ၏။ လောတ နေ သောမြို့ တို့ကို မှောက် လှဲသောအခါ မှောက် လှဲရာထဲက လောတ ကို လွှတ် လိုက်တော်မူ၏။
Job 8:15ထိုသူသည် မိမိ အိမ် ကိုမှီ ၍ အိမ်သည်အမှီမ ခံ။ လက်နှင့်ကိုင် သော်လည်း မ တည် စေနိုင်။
Job 21:28အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။
Psalms 37:35မတရား သောသူသည် အစိုး တရပြု၍ ၊ ပေါက် ရင်း အရပ်မှာကြီးပွားသော သစ်ပင် လန်းလန်းရှိသကဲ့သို့ ၊ ကိုယ်ကိုကိုယ်ပြန့်ပွါး စေသည်ကို ငါမြင် ရသော်လည်း၊
Psalms 107:43အကြင် သူသည်ပညာရှိ ၏။ ထိုသူသည် ဤ အမှုအရာ တို့ကို ဆင်ခြင် ၍ ၊ ထာဝရဘုရား ၏ ကရုဏာ ကျေးဇူးတော်ကို နားလည် လိမ့်မည်။
Proverbs 13:6ဖြောင့်မတ် ခြင်းတရားသည် လမ်း မလွှဲသောသူကို စောင့် တတ်၏။ ဒုစရိုက် တရားမူကား ၊ အပြစ် ရှိသောသူကိုလှဲ တတ်၏။