Proverbs 21:25
ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် ၊ မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။
မြန်မာကျမ်းစာ
In The King James Version
The desire of the slothful killeth him; for his hands refuse to labour.
In Context
26တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မ နှမြော ဘဲစွန့်ကြဲ တတ်၏။
Cross References
Proverbs 6:6အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
Proverbs 12:27ပျင်းရိ သောသူသည် မုဆိုး လုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လ ဝိရိယပြုသောသူ ၏ ဥစ္စာ မူကား၊ အဘိုး ထိုက်ပေ၏။
Proverbs 15:19ပျင်းရိ သောသူသွားရာ လမ်း ၌ ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား ၊ မို့ မောက်လျက်ရှိ၏။
Proverbs 20:4ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် မ လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း မ ရရာ။
Proverbs 24:30ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊
Proverbs 26:16ပျင်းရိ သောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ် ယောက်ထက် သာ၍ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။