Proverbs 24:30
ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊
မြန်မာကျမ်းစာ
In The King James Version
I went by the field of the slothful, and by the vineyard of the man void of understanding;
In Context
Cross References
Job 5:27ဤ အမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်နှလုံး သွင်း ထားပါဟု မြွက်ဆို၏။
Psalms 37:25ဖြောင့်မတ် သောသူသည် စွန့်ပစ် ခြင်းကိုခံရသည် အကြောင်း၊ သူ ၏သား မြေးတို့သည် တောင်း ၍ စား ရသည်အကြောင်းကို ငါ သည် အသက် ပျိုသည် ကာလမှစ၍ အို သည်တိုင်အောင် မ မြင် စဖူး။
Proverbs 6:6အချင်း လူပျင်း၊ ပရွက်ဆိတ် ထံသို့ သွား ၍၊ သူ ၏ အပြု အမူတို့ကို ဆင်ခြင် သဖြင့် ပညာ ရှိစေလော့။
Proverbs 10:13ဉာဏ် ကောင်းသောသူသည် ပညာ စကား ကို ပြော တတ်၏။ ဉာဏ် မဲ့ သောသူ၏ကျော အဘို့ မူကား ကြိမ်လုံး ရှိ၏။
Proverbs 13:4ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ၍ မ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံ ရ၏။
Ecclesiastes 7:15ငါ သည် အချည်းနှီး နေသောကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ် သောသူသည်မိမိ ဖြောင့်မတ် ခြင်း၌ ဆုံးရှုံး ကြောင်းကို၎င်း ၊ အဓမ္မ လူ သည် မိမိ အဓမ္မ အမှု၌ အသက်ရှည် ကြောင်းကို၎င်းငါမြင် ၏။