Proverbs 21:8
လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။
မြန်မာကျမ်းစာ
In The King James Version
The way of man is froward and strange: but as for the pure, his work is right.
In Context
Cross References
Genesis 6:5မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
Job 15:14လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။
Proverbs 2:15ဖြောင့် သောလမ်းသို့မလိုက်၊ ကောက် သော လမ်း သို့သာ လိုက်သောသူ တို့၏လက်မှ၎င်း၊
Proverbs 30:12ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊
Ecclesiastes 9:3နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။
Isaiah 59:8ချမ်းသာ လမ်း ကို သူတို့မ သိ ကြ။ သူ တို့ခရီး သွားရာတွင် တရား မ ပါ။ မိမိ တို့သွားစရာဘို့ ကောက် သော လမ်း တို့ကို ပြင်ဆင်ကြပြီ။ လိုက် သွားသော သူမည်သည် ကား၊ ချမ်းသာ ကို မ သိ ရ။