Proverbs 22:1
ကောင်းသောအသရေ ကို များစွာ သော ဥစ္စာ ထက် သာ၍ရွေး စရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူး သည် ရွှေ ငွေ ထက် သာ၍ကောင်း ၏။
မြန်မာကျမ်းစာ
In The King James Version
A good name is rather to be chosen than great riches, and loving favour rather than silver and gold.
In Context
Cross References
1 Kings 1:47ရှင်ဘုရင် ၏ ကျွန် တို့သည်လည်း တို့ အရှင် ဒါဝိဒ် မင်းကြီး ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ ဘုရား သခင် သည် ရှောလမုန် ၏နာမ ကိုခမည်းတော်၏နာမ ထက် သာ၍ချီးမြှောက် တော်မူပါစေသော။ သူ ၏ရာဇ ပလ္လင် ကို ခမည်းတော်၏ ရာဇ ပလ္လင်ထက် သာ၍ဘုန်းကြီး မည်အကြောင်းစီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင် ဘုရင်သည် သာလွန် တော်ပေါ် မှာ ဦးချ လျက်၊
Luke 10:20သို့သော်လည်း နတ်ဆိုး ကို နိုင် ရသောကြောင့် သာ ဝမ်းမြောက် ခြင်းမ ရှိကြနှင့်၊ သင် တို့၏ နာမည် များ သည် ကောင်းကင် စာရင်း ၌ ဝင်သည်ကို ဝမ်းမြောက် ခြင်းရှိကြလော့ ဟု မိန့် တော်မူ၏။
Philippians 4:3အချင်း ငါ့လုပ်ဘော်ဆောင်ဘက် စစ် ၊ သင် တို့ကိုလည်း ငါတောင်းပန် ၏။ ငါ နှင့် ကလေမင် မှစ၍ အသက် စာရင်းဝင်သော အခြား သောငါ ၏လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ ၊ ဧဝံဂေလိ တရားကို ဟောပြောသောအမှု၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။