Proverbs 22:16
ကိုယ် စီးပွါး အဘို့ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေ ရတတ်သောသူတို့ အား ပေး သောသူသည် ဆင်းရဲ ခြင်းသို့ အမှန်ရောက်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
17သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။
Cross References
Job 20:19ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
Proverbs 14:31ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား တတ်၏။
Proverbs 28:3ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။
Micah 2:2သူတပါး၏အိမ် နှင့် လယ်ယာ တို့ကို တပ်မက် ၍ အနိုင်အထက် သိမ်းယူလျက် ၊ လူ နှင့် သူ ၏အိမ် ကို၎င်း၊ လူကြီး နှင့် သူ ၏အမွေ ဥစ္စာကို၎င်း လုယက် ၍ ညှဉ်းဆဲ တတ်ကြ၏။
Luke 6:33သင် တို့ကို ကျေးဇူးပြု သောသူ တို့အားသာ ကျေးဇူး ပြုလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သော သူ တို့သည် ဤမျှလောက် ပြု ကြသည်မဟုတ်လော့။
Luke 16:24အိုအဘ အာဗြဟံ ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ ၌ ပြင်းစွာ ခံရသောကြောင့် ၊ လာဇရု သည် မိမိ လက် ဖျား ကို ရေ ၌နှစ် ၍ အကျွန်ုပ် လျှာ ကို အေး စေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူပါဟု ဟစ်ကြော် လေ၏။