Proverbs 22:17
သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။
မြန်မာကျမ်းစာ
In The King James Version
Bow down thine ear, and hear the words of the wise, and apply thine heart unto my knowledge.
In Context
Cross References
Psalms 90:12အကျွန်ုပ်တို့သည် ပညာ တရားကို နှလုံး သွင်း မိမည်အကြောင်း ၊ ကိုယ် နေ့ရက် ကာလကို ရေတွက် နိုင်စေခြင်းငှါ သွန်သင် တော်မူပါ။
Proverbs 2:2စေတနာစိတ် နှင့်ဉာဏ် ကို ရှာဖွေ သည်တိုင်အောင်၊ ငါ့ စကား ကို နာခံ ၍ ၊ ငါ့ ပညတ် တို့ကို ကိုယ် အထဲ ၌ သွင်း မိလျှင် ၎င်း၊
Proverbs 4:4ငါ့ အဘသွန်သင် ၍ မြွက်ဆို လေသည်ကား၊ ငါ့ စကား ကို သင် ၏နှလုံး ၌ သွင်းမိ ၍၊ ငါ့ ပညတ် တို့ကို ကျင့် စောင့်သဖြင့် အသက်ရှင် လော့။
Proverbs 8:33ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ၍ ပညာ ရှိကြလော့။
Ecclesiastes 7:25ပညာ တရားနှင့် အကျိုး အကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိ နားလည်ခြင်းငှါ ၎င်း ၊ မိုက် စွာကျင့်ခြင်း၏ အပြစ်နှင့် ရူး ခြင်း၏အပြစ်ကို သိ နားလည်ခြင်းငှါ ၎င်း၊ ငါနှင့်ငါ့ နှလုံး သည် ဝိုင်း ညီ၍ ကြိုးစားလေပြီ။
Ecclesiastes 8:16လူအချို့တို့သည် တနေ့ နှင့် တညဉ့်လုံး မ အိပ် ဘဲ နေတတ်သည်ဖြစ်၍၊ ပညာ တရားကို သိ ခြင်းငှါ ၎င်း၊ မြေကြီး ပေါ်မှာပြု သောအမှု များကို ကြည့်ရှု ခြင်းငှါ ၎င်း ၊ ငါသည် ကိုယ် နှလုံး ကို နှိုးဆော် ၏။