Proverbs 23:5
ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
4ငွေ ရတတ် ခြင်းငှါ မ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။
6မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို မ ရှိနှင့်။
Cross References
Job 1:14ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊
Psalms 39:6အကယ် စင်စစ်လူ သည် အရိပ် ၌ သာ ကျင်လည် ပါ၏။ အကယ် စင်စစ်လူတို့သည် အကျိုး မဲ့ပင်ပန်း ကြပါ ၏။ ဥစ္စာ ကိုဆည်းဖူးသော်လည်း အဘယ် သူရ အံ့သည် ကို မ သိ ရပါ။
Proverbs 27:24စည်းစိမ် သည် အမြဲ မ တည်တတ်။ ရှင် ဘုရင်၏ စည်းစိမ်သော်လည်း ၊ လူမျိုး အစဉ်အဆက် မတည် တတ်။
Ecclesiastes 5:13စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။
Isaiah 55:2အစာ မ ဟုတ်သောအရာအဘို့ သင်တို့ငွေ ကို၎င်း၊ အမွတ်မ ပြေ နိုင်သောအရာအဘို့ သင်တို့ဥစ္စာ ကို၎င်း၊ အဘယ်ကြောင့် ကုန် စေကြသနည်း။ ငါ့ စကားကို စေ့စေ့နားထောင် လျက် ၊ ကောင်း သောအစာကို စား ကြလော့။ သင် တို့၏ဝိညာဉ် သည် ချို သောအရာတို့၌ မိမိကိုမိမိ မွေ့လျော် စေလိမ့်မည်။
Jeremiah 39:12ယေရမိ ကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှု လော့။ မ ညှဉ်းဆဲ နှင့်။ သူပြော သည်အတိုင်း သူ့ ကိုပြု လော့ဟု မှာ ထားတော်မူသည်နှင့်အညီ၊