The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 24

1မ တရားသောသူ တို့ကို မ ငြူစူ နှင့်။ သူ တို့နှင့် ပေါင်းဘော် ခြင်းငှါ အလို မ ရှိနှင့်။

2သူ တို့သည် ဖျက်ဆီး ခြင်းငှါ နှလုံး ကြံစည် တတ် ၏။ နှုတ် နှင့်လည်း ဘေး ပြုမည်စကားကို ပြော တတ်၏။

3ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ၍ ခိုင်ခံ့ မြဲမြံစေရ၏။

4ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ အပေါင်း တို့နှင့် ပြည့် ရကြ၏။

5ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။

6ပညာရှိ တို့နှင့် တိုင်ပင်ပြီးမှစစ်မှု ကိုပြု ရ၏။ အကြံ ပေးနိုင်သော သူများစွာ ရှိ လျှင် ၊ ဘေး လွတ်တတ်၏။

7ပညာ မြင့် သောကြောင့် မိုက် သောသူမမှီနိုင်။ မြို့တံခါးဝ ၌ စကား မ ပြော ဝံ့။

8မ ကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည် သောသူကို၊ ဘေး ပြုသောသူဟူ၍ မှည့် ရ၏။

9မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင် ပြုသောသူသည် လည်း ၊ လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။

10သင် သည် အမှု ရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏။

11သင်္ချိုင်း သို့ ထုတ် ၍ အသေခံ လုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အား မထုတ်ဘဲနေလျက်၊

12ငါ့တို့မ သိ ဟုဆို သော်လည်း ၊ နှလုံး သဘောကို ဆင်ခြင် သောသူသည် မ မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။

13ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။

14ထိုအတူ ၊ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။

15အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ် ကို ချောင်း ၍ မ ကြည့်နှင့်။ သူ ၏ ငြိမ်ဝပ် ရာအရပ်ကို မ ဖျက် နှင့်။

16ဖြောင့်မတ် သောသူသည် ခုနစ် ကြိမ်လဲ သော်လည်း ထ ပြန်လိမ့်မည်။ မ တရားသောသူမူကား ၊ လဲ သောအခါ ဆုံးရှုံး လိမ့်မည်။

17သင် ၏ရန်သူ လဲ သောအခါ ဝမ်း မ မြောက်နှင့်။ ခြေ ထိခိုက်သောအခါ ရွှင်လန်း သောစိတ် မ ရှိနှင့်။

18ရှိလျှင် ထာဝရဘုရား သိမြင် သဖြင့် ၊ မ နှစ်သက်ဘဲ သူ မှ အမျက် တော်ကို လွှဲ တော်မူမည်။

19မ တရားသောသူတို့ကြောင့် စိတ် မ ပူနှင့်။ အဓမ္မ လူတို့ကို မ ငြူစူ နှင့်။

20အကြောင်း မူကား၊ မ တရားသောသူသည် အကျိုး ကိုမ ရ။ အဓမ္မ လူ၏ မီးခွက် သည် သေ လိမ့်မည်။

21ငါ့ သား ၊ ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ၊ ကြောက်ရွံ့ လော့။ မ တည်ကြည်သောသူတို့နှင့် မ ရောနှော မပေါင်းဘော်နှင့်။

22သူ တို့ဘေး သည် ချက်ခြင်း ရောက် တတ်၏။ ထို နှစ်ပါး တို့၏ အဆုံး ကို အဘယ်သူ သိ သနည်း။

23ထိုမှတပါး ၊ ပညာရှိ တို့နှင့် ဆိုင်သော အရာဟူမူကား ၊ တရား တွေ့မှု စီရင်ရာတွင် လူမျက်နှာ ကို မ ထောက် ကောင်း။

24သင် သည် ဖြောင့်မတ် ၏ဟု မ တရားသောသူအား ဆို သောသူကို လူ အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။

25ဆုံးမ ပြစ်တင်သောသူတို့မူကား ၊ စိတ် သာယာလျက် ၊ ကောင်းကြီး မင်္ဂလာကို ခံ လျက်ရှိကြ လိမ့်မည်။

26မှန် သောစကားကို ပြန် ပြောတတ်သောသူ၏ နှုတ် ကို လူတိုင်းနမ်း လိမ့်မည်။

27ပြင် အရပ်မှာ သင် ၏အလုပ် ကိုပြင် လော့။ လယ် တော၌ ကိုယ်အဘို့ ပြင်ဆင် လော့။ နောက်မှ သင် ၏ နေရာအိမ် ကို ဆောက် လော့။

28သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူတပါးကို မလှည့်စား နှင့်။

29သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။

30ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊

31ဆူးပင် များပြား ၍၊ မြေတပြင်လုံး ၌ ဆူးလေ ပင် အနှံ့အပြားလွှမ်းမိုး လျက် ၊ ကျောက် ရိုး ပြို လျက်ရှိသည်ကို၊

32ငါ မြင် ၍ စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။

33ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် ခြင်းငှါ ၊ ခဏ လက်ချင်း ပိုက် လျက်နေစဉ်တွင်၊

34ဆင်းရဲ ခြင်းသည် ခရီးသွား သောသူကဲ့သို့၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာလိမ့်မည်။

← Proverbs 23Read In The App, Free →Proverbs 25 →

Study Proverbs 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031