Proverbs 24:4
ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ အပေါင်း တို့နှင့် ပြည့် ရကြ၏။
မြန်မာကျမ်းစာ
In The King James Version
And by knowledge shall the chambers be filled with all precious and pleasant riches.
In Context
3ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ၍ ခိုင်ခံ့ မြဲမြံစေရ၏။
5ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။
Cross References
1 Kings 4:22တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊
1 Chronicles 29:2ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ရွှေ တန်ဆာလုပ်စရာဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာလုပ်စရာဘို့ ငွေ ကို ၎င်း၊ ကြေးဝါ တန်ဆာလုပ်စရာဘို့ ကြေးဝါ ကို၎င်း၊ သံ တန်ဆာလုပ်စရာဘို့ သံ ကို၎င်း၊ သစ်သား တန်ဆာလုပ်စရာဘို့ သစ်သား ကို၎င်း၊ ရှဟံ ကျောက် နှင့် အရောင် မျိုးထွက်၍ စီ စရာဘို့ ကောင်း သောကျောက် ၊ အဘိုး ထိုက် သော ကျောက် မျိုး ၊ များစွာ သော ကျောက်ဖြူ တို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင် ပြီ။
2 Chronicles 26:4ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။
Nehemiah 13:5ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်း၊ တန်ဆာ မျိုးကို၎င်း ၊ ပညတ် တော်အတိုင်း လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်တို့အားပေး ရသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ် တို့အား လှူရ သော အလှူ တို့ကို၎င်း၊ သို ထားမြဲရှိသော အခန်း ကြီး ကို တောဘိ အဘို့ ပြင်ဆင် ၏။
Proverbs 8:18ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
Proverbs 15:6ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား ၊ များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။