Proverbs 25:7
အကြောင်း မူကား၊ ဖူးမြင် ရသောမင်း ရှေ့ မှာ နှိမ် ခြင်းကိုခံရသည်ထက် ၊ ဤ အရပ်သို့ တက် ပါဟူသောစကား ကို သာ၍ကြားကောင်း ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
6ရှင်ဘုရင် ထံ တော်၌ ကိုယ်ကိုမ ချီးမြှောက် နှင့်။ လူကြီး နေရာ ၌ မ နေ နှင့်။
8အလျင် အမြန်ရန် မ တွေ့နှင့်။ အိမ်နီးချင်း သည် သင့် ကို အရှက်ခွဲ ပြီးမှ ၊ သင်သည် အဘယ် သို့ပြု မည်နည်း။
Cross References
Proverbs 16:19စိတ် နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချ ခြင်းသည်၊ မာန ကြီးသောသူတို့ နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာ ကို ဝေမျှ ခြင်းထက် သာ၍ကောင်း ၏။
Luke 18:14ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။
Revelation 4:1ထိုနောက်မှ ငါကြည့် လျှင် ၊ ကောင်းကင် ၌ တံခါး ဖွင့် ထားလျက်ရှိ၏။ ရှေ့ဦးစွာ ကြား ရသော အသံ ဟူမူကား၊ ဤအရပ် သို့တက် လော့။ နောင် ကာလ၌ ဖြစ် ရ မည်အရာ တို့ကို ငါပြ မည်ဟု ငါ နှင့် ပြော လျက်ရှိ သောတံပိုး ခရာသံ ကဲ့သို့ မြည်လေ၏။