Proverbs 16:19
စိတ် နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချ ခြင်းသည်၊ မာန ကြီးသောသူတို့ နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာ ကို ဝေမျှ ခြင်းထက် သာ၍ကောင်း ၏။
မြန်မာကျမ်းစာ
In The King James Version
Better it is to be of an humble spirit with the lowly, than to divide the spoil with the proud.
In Context
18မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။
20ပညာ နှင့်အမှုစောင့်သောသူသည် အကျိုး ကို ရ လိမ့်မည်။ ထာဝရဘုရား ကို ခိုလှုံ သောသူသည်လည်း မင်္ဂလာ ရှိ၏။
Cross References
Psalms 34:18ထာဝရဘုရား သည် ကျိုးပဲ့ သောစိတ် ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။ နောင်တ ရှိ၍ စိတ် နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။
Proverbs 25:7အကြောင်း မူကား၊ ဖူးမြင် ရသောမင်း ရှေ့ မှာ နှိမ် ခြင်းကိုခံရသည်ထက် ၊ ဤ အရပ်သို့ တက် ပါဟူသောစကား ကို သာ၍ကြားကောင်း ၏။
Isaiah 9:3ကိုယ်တော်သည် အမျိုးသား တို့ကို များပြား စေ၍၊ သူ တို့၏ ဝမ်းမြောက် ခြင်းကို တိုးပွား စေတော်မူ၏။ စပါးကို စုသိမ်း ရာကာလ၌ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ လုယူသော ဥစ္စာ ကို ဝေ သောသူ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ ရှေ့ တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏။
Isaiah 10:13ထိုမင်းက၊ ငါသည် ကိုယ် လက်ရုံး သတ္တိ နှင့် ကိုယ် ဉာဏ် အားဖြင့် ငါတတ် နိုင်၏။ ပညာ သတ္တိနှင့် ငါပြည့်စုံ၏။ လူမျိုး နေရာ အပိုင်းအခြားတို့ကို ငါရွှေ့ ပြီ။ သူ တို့၏ ဘဏ္ဍာ ကို လုယူ ပြီ။ ဘုရင် တို့ကို သူရဲ ကဲ့သို့ နှိမ့်ချ ပြီ။
Isaiah 57:15အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
Luke 1:51လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။