Proverbs 27:20
မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် အလို မ ပြည့်စုံသကဲ့သို့၊ လူ တို့မျက်စိ သည် အလို မ ပြည့်စုံတတ်။
မြန်မာကျမ်းစာ
In The King James Version
Hell and destruction are never full; so the eyes of man are never satisfied.
In Context
19ရေ ၌လူမျက်နှာ ချင်းတူသကဲ့သို့ ၊ လူ တယောက်နှင့်တယောက်စိတ် သဘောတူကြ၏။
21ငွေ စစ်စရာဘို့ မိုက် ရှိ၏။ ရွှေ စစ်စရာဘို့ မီးဖို ရှိ၏။ လူ ကိုစစ်စရာဘို့ သူတပါးချီးမွမ်း ခြင်းရှိ၏။
Cross References
Job 26:6မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။
Proverbs 23:5ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
Proverbs 30:16သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ မ ဝ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။
Ecclesiastes 2:10ငါ့ မျက်စိ တပ်မက် လိုချင်သောအရာ တစုံတခုကိုမျှ ငါမ ငြင်း ၊ ငါ့ စိတ် ရွှင်လန်း စရာ တစုံတခု ကိုမျှမ ပယ်။ ငါ ကြိုးစား သမျှ တို့၌ ဝမ်းမြောက် လျက်ရှိ ၍ ၊ ကြိုးစား ခြင်း အကျိုး ကိုခံရ၏။
Ecclesiastes 5:10ငွေ ကိုတပ်မက် သောသူသည် ငွေ နှင့် အလိုဆန္ဒ မ ပြေနိုင်။ စည်းစိမ် ကို တပ်မက် သောသူသည် စည်းစိမ် တိုးပွားသော်လည်း မ ရောင့်ရဲနိုင်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ်၏။
Isaiah 5:14ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။