Proverbs 28:25
စိတ် မြင့် သောသူသည် ခိုက်ရန် ကို နှိုးဆော် တတ် ၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား ၊ ကြွယ်ဝ တတ် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
24အပြစ် မ ရှိဟုဆို လျက် ၊ မိဘ ဥစ္စာကို လုယူ သောသူသည် ဖျက်ဆီး သောသူ ၏ အပေါင်း အဘော်ဖြစ်၏။
26မိမိ စိတ် နှလုံးကို ကိုးစား သောသူသည် လူမိုက် ဖြစ်၏။ ပညာ သတိနှင့် ကျင့် သောသူမူကား ၊ ဘေးလွတ် တတ်၏။
Cross References
Psalms 84:12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံ သောသူ သည် မင်္ဂလာ ရှိပါ၏။
Proverbs 11:25စွန့်ကြဲ တတ်သောသူသည် ကြွယ်ဝ လိမ့်မည်။ သူတပါးကို ရေ လောင်းသောသူသည် ကိုယ်တိုင် ရေ လောင်းခြင်း အကျိုး ကိုခံရလိမ့်မည်။
Proverbs 13:10မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။
Proverbs 15:30မျက်စိ အလင်း သည် နှလုံး ကို ရွှင်လန်း စေတတ် ၏။ ကောင်း သော သိတင်း စကားသည်လည်း၊ အရိုး တို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။
Proverbs 22:10မထီမဲ့မြင် ပြုသောသူကိုနှင်ထုတ် လော့။ သို့ပြုလျှင် ရန်မာန် လည်း ထွက်သွား လိမ့်မည်။ ရန်တွေ့ ခြင်းနှင့် ကဲ့ရဲ့ ခြင်းလည်း ငြိမ်း လိမ့်မည်။
Proverbs 29:25လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။