The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 28

1လိုက် သောသူမ ရှိသော်လည်း ၊ မ တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။

2ပြည်သူ ပြည်သားအပြစ် ကြောင့် ၊ မင်း တို့သည် များပြား တတ်ကြ၏။ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူအားဖြင့် နိုင်ငံ တည်တတ်၏။

3ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။

4တရား ကိုဖျက် သောသူသည် မ တရားသောသူတို့ ကို ချီးမွမ်း တတ်၏။ တရား ကို စောင့် သောသူမူကား ၊ သူ တို့နှင့် ဆန့်ကျင် ဘက်ပြုတတ်၏။

5အဓမ္မ လူ သည် တရား စီရင်ခြင်းကို နား မ လည်တတ်။ ထာဝရဘုရား ကို ရှာ သောသူမူကား ၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည် တတ်၏။

6မ မှန်သောအမှုကို ပြု သောသူ သည် ငွေ ရတတ်သော်လည်း ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သားသည် သာ၍ မြတ် ၏။

7တရား ကိုစောင့် သောသူသည် ပညာ ရှိသော သား ဖြစ်၏။ စားကြူး သောသူတို့နှင့် ပေါင်းဘော် သောသူ မူကား ၊ မိမိ အဘ ကို အရှက်ခွဲ တတ်၏။

8အတိုး စား၍ မတရားသော အမြတ်အားဖြင့်ဥစ္စာ ကို ဆည်းဖူးသောသူ သည် ဆင်းရဲသား တို့ကို သနား သောသူအဘို့ သာ ဆည်းဖူး တတ်၏။

9တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။

10ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ၊ ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။

11ငွေ ရတတ်သောသူ က၊ ငါသည်ပညာ ရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ် ကောင်းသော ဆင်းရဲသား မူကား ၊ ထိုသူ ကို စစ်ကြော တတ်၏။

12ဖြောင့်မတ် သောသူတို့သည် ဝမ်းမြောက် သောအခါ ဘုန်း ကြီး တတ်၏။ မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ လူ တို့သည် ပုန်းရှောင် ၍ နေတတ်ကြ၏။

13မိမိ အပြစ် ကို ဝှက်ထား သောသူသည် ချမ်းသာ မ ရ။ မိမိအပြစ်ကို ဘော်ပြ ဝန်ချ၍ စွန့်ပစ် သော သူမူကား ၊ ကရုဏာ တော်ကိုခံရလိမ့်မည်။

14အစဉ် မပြတ်ကြောက်ရွံ့ သောသူ သည် မင်္ဂလာ ရှိ ၏။ မိမိ စိတ် နှလုံးကို ခိုင်မာ စေသောသူမူကား ၊ ဘေးဥပဒ် နှင့် တွေ့ လိမ့်မည်။

15ဆင်းရဲ သားတို့ကို အုပ်စိုး သော အဓမ္မ မင်းသည် ဟောက် သောခြင်္သေ့ ၊ လှည့်လည် သောဝံ နှင့်တူ၏။

16ဉာဏ် မ ရှိသောမင်း သည် ပြင်း စွာညှဉ်းဆဲ တတ် ၏။ လောဘ ကို မုန်း သောမင်းမူကား၊ အသက်တာ ရှည် လိမ့်မည်။

17လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။

18ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။

19လယ် လုပ် သောသူသည် ဝ စွာစားရ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဆင်းရဲ ခြင်းနှင့် ဝ လိမ့်မည်။

20သစ္စာ စောင့်သောသူ သည် ကောင်းကြီး မင်္ဂလာ နှင့် ကြွယ်ဝ လိမ့်မည်။ ငွေ ရတတ်ခြင်းငှါ အလျင် အမြန်ပြုသောသူမူကား ၊ အပြစ် နှင့်မ လွတ်ရ။

21လူမျက်နှာ ကို မ ထောက် ကောင်း။ သို့သော်လည်း ၊ လူ သည် မုန့် တဖဲ့ ကိုရခြင်းငှါ ဒုစရိုက် ကို ပြုလိမ့်မည်။

22ငွေ ရတတ်ခြင်းငှါ အလျင်အမြန် ပြုသော သူ သည် မ နာလိုသောသဘော ရှိတတ်၏။ နောက် တဖန် ဆင်းရဲ ခြင်းသို့ ရောက် မည်ဟု မ အောက်မေ့ တတ်။

23ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ကျေးဇူးကိုခံရလိမ့်မည်။

24အပြစ် မ ရှိဟုဆို လျက် ၊ မိဘ ဥစ္စာကို လုယူ သောသူသည် ဖျက်ဆီး သောသူ ၏ အပေါင်း အဘော်ဖြစ်၏။

25စိတ် မြင့် သောသူသည် ခိုက်ရန် ကို နှိုးဆော် တတ် ၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား ၊ ကြွယ်ဝ တတ် ၏။

26မိမိ စိတ် နှလုံးကို ကိုးစား သောသူသည် လူမိုက် ဖြစ်၏။ ပညာ သတိနှင့် ကျင့် သောသူမူကား ၊ ဘေးလွတ် တတ်၏။

27ဆင်းရဲ သားတို့အား စွန့်ကြဲ သောသူသည်ကိုယ်တိုင် မ ဆင်းရဲ ရာ။ လွှဲရှောင် သောသူမူကား ၊ များစွာ သော ကျိန်ဆဲ ခြင်းကိုခံရ လိမ့်မည်။

28မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ ၊ လူ တို့သည် ပုန်းရှောင် ၍ နေရကြ၏။ ပျက်စီး ခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ် သောသူတို့ သည် ပွားများ တတ်ကြ၏။

← Proverbs 27Read In The App, Free →Proverbs 29 →

Study Proverbs 28

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031