Proverbs 29:2
ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Esther 8:15မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊
Proverbs 11:10တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ၊ ကြွေးကြော် ခြင်းရှိ၏။
Proverbs 28:28မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ ၊ လူ တို့သည် ပုန်းရှောင် ၍ နေရကြ၏။ ပျက်စီး ခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ် သောသူတို့ သည် ပွားများ တတ်ကြ၏။
Ecclesiastes 10:5မင်း မှားယွင်း ခြင်းအားဖြင့် ဖြစ် တတ်သော ၊ နေ အောက် ၌ ငါမြင် ရသောအမှု ဆိုးဟူမူကား၊
Jeremiah 23:5ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။
Matthew 2:16ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။