Proverbs 29:6
အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။
မြန်မာကျမ်းစာ
In The King James Version
In the transgression of an evil man there is a snare: but the righteous doth sing and rejoice.
In Context
5အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။
7ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။
Cross References
Job 18:7ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။
Psalms 11:6မတရား သောသူတို့အပေါ် မှာ တောက်သော မီးခဲ၊ ကန့် နှင့် ရောသောမီးလျှံ ၊ ပူလောင် သော မုန်တိုင်း ကို သက်ရောက် စေ၍ ၊ သူ တို့သောက် စရာဘို့ စီရင်တော်မူ မည်။
Psalms 118:15ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။
Proverbs 5:22အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။
Proverbs 11:5ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
Ecclesiastes 9:12လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။