Proverbs 3:1
ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။
မြန်မာကျမ်းစာ
In The King James Version
My son, forget not my law; but let thine heart keep my commandments:
In Context
Cross References
Deuteronomy 4:9သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
Deuteronomy 5:16သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
Deuteronomy 6:6ယနေ့ ငါ မှာ ထားသော စကား ကို နှလုံး သွင်း ရမည်။
Deuteronomy 30:16သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။
Psalms 119:16အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။
Psalms 119:47အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။