The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 3

1ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။

2အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။

3ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။

4ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။

5ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ မ ပြုနှင့်။

6သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် ၊ သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။

7ငါသည်ပညာ ရှိ၏ဟု ကိုယ် ကို မ ထင် နှင့်။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဒုစရိုက် ကို ရှောင် လော့။

8သို့ပြုလျှင်၊ သင် ၏အကြော တို့သည် အားသန် ၍ ၊ အရိုး တို့သည် ခြင်ဆီ နှင့် ပြည့်စုံ ကြလိမ့်မည်။

9သင် သည်ကိုယ် ဥစ္စာ နှင့် အဦး သီးသော အသီးအနှံ ရှိသမျှ ကို ထာဝရ ဘုရားအား ပူဇော် လော့။

10သို့ပြုလျှင် ၊ သင် ၏စပါးကျီ တို့သည် ကြွယ်ဝ ၍၊ စပျစ်သီး နယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံ လိမ့်မည်။

11ငါ့ သား ၊ ထာဝရဘုရား ဆုံးမ တော်မူခြင်းကို မ မှတ်ဘဲမနေနှင့်။ သင် ၏အပြစ် ကို စစ်ဆေးတော်မူသောအခါ စိတ် မ ပျက်စေနှင့်။

12ထာဝရဘုရား သည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ နှစ်သက် တော်မူသောသား ကို ဒဏ်ခတ်တော်မူတတ်၏။

13ဉာဏ် ပညာကို ရှာ ၍ရသောသူ သည် မင်္ဂလာ ရှိ ၏။

14အကြောင်း မူကား၊ ပညာ ကုန်သွယ် ခြင်းသည် ငွေ ကုန်သွယ် ခြင်းထက် သာ၍ကောင်း ၏။ ပညာကုန်သွယ်၍ ရသောအမြတ် လည်း ရွှေစင် ထက် သာ၍ကောင်း၏။

15ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။

16သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။

17ပညာ လမ်း တို့သည် သာယာ သောလမ်း ၊ ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။

18ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။

19ထာဝရဘုရား သည် ပညာ တော်အားဖြင့် မြေကြီး ကိုတည် ၍၊ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင် တော်မူပြီ။

20သိပ္ပံ အတတ်တော်အားဖြင့် နက်နဲ သောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ် မှလည်း နှင်း ရည်ကျ တတ်၏။

21ငါ့ သား ၊ ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ မ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။

22သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ဝိညာဉ် ၌ အသက် ၊ သင် ၏လည်ပင်း ၌ ဂုဏ် အသရေဖြစ် လိမ့်မည်။

23သင် သည်ခရီး သွားရာ၌ ဘေး မရှိ။ ခြေ မ တိုက်မိ ဘဲ သွား လိမ့်မည်။

24အိပ် သောအခါ ကြောက် စရာမ ရှိရ။ ကောင်းမွန် စွာ အိပ်ပျော် ရလိမ့်မည်။

25လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။

26အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ယုံကြည် ကိုးစားရာ ဖြစ် ၍ ၊ သင် ၏ခြေ ကိုမ ကျော့မိစေခြင်းငှါစောင့်မ တော်မူလိမ့်မည်။

27ကျေးဇူးကိုခံသင့်သောသူတို့ အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။

28အိမ်နီးချင်း ကိုပေးစရာရှိ လျက် ပင်၊ သွား တော့။ တဖန် လာ ဦးတော့။ နက်ဖြန် မှ ငါပေး မည်ဟု မ ပြော နှင့်။

29စိုးရိမ် ခြင်းမရှိဘဲ သင့် အနား မှာနေ သောအိမ်နီးချင်း ၌ မ ကောင်းသော အကြံကိုမ ကြံ နှင့်။

30သင် ၌ အပြစ် မ ပြု သောသူကို အကြောင်း မရှိဘဲ ရန် မ တွေ့နှင့်။

31ညှဉ်းဆဲ တတ်သောသူ ၏ စည်းစိမ်ကိုမ တောင့်တ နှင့်။ သူ လိုက်သော လမ်း တစုံတခု ကိုမျှ အလို မ ရှိနှင့်။

32အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။

33မ တရားသောသူ၏ နေရာ သည်ထာဝရဘုရား ကျိန် တော်မူခြင်းကို တွေ့တတ်၏။ တရား သောသူ၏ နေရာ ကို ကား ကောင်းကြီး ပေးတော်မူ၏။

34အကယ် စင်စစ်ကဲ့ရဲ့ တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ အား ကား ၊ ကျေးဇူး ပြု တော်မူ၏။

35ပညာ ရှိသောသူတို့သည် ဘုန်း အသရေကို အမွေ ခံရ၍ ၊ မိုက် သောသူတို့မူကား၊ အရှက် ကွဲခြင်းကို ထမ်း သွားရကြလိမ့်မည်။

← Proverbs 2Read In The App, Free →Proverbs 4 →

Study Proverbs 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031