Proverbs 3:4
ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
So shalt thou find favour and good understanding in the sight of God and man.
In Context
5ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ မ ပြုနှင့်။
Cross References
Genesis 39:2ထာဝရဘုရား သည် ယောသပ် ဘက် ၌ ရှိ တော်မူသဖြင့် သူ သည် အကြံ ထမြောက်တတ်၏။ အဲဂုတ္တု အမျိုးသားမိမိ သခင် ၏အိမ် ၌ နေ ရလေ၏။
Genesis 39:21သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။
1 Samuel 2:21ထာဝရဘုရား သည် ဟန္န ကို အကြည့် အရှုကြွတော်မူသဖြင့် ၊ သူသည်ပဋိသန္ဓေ ယူ၍ ၊ သား သုံး ယောက်၊ သမီး နှစ် ယောက်တို့ကို ဘွားမြင် လေ၏။ သူငယ် ရှမွေလ သည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွား သတည်း။
Psalms 111:10ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။
Luke 2:52ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။
Romans 14:18ထိုသို့ ကျင့်၍ ခရစ်တော် ၏အမှု ကို ဆောင်ရွက်သောသူ သည်ဘုရားသခင့် ရှေ့၌ နှစ်သက် ဘွယ်၊ လူ တို့ တွင် ချီးမွမ်း ဘွယ်ဖြစ်၏။