Proverbs 30:14
ဆင်းရဲ သောသူတို့ကို မြေကြီး ပေါ်က ၎င်း၊ ငတ်မွတ် သောသူတို့ကို လူ စုထဲက ၎င်း၊ ကိုက်စား ပယ်ရှားစရာဘို့ သန်လျက် နှင့်တူသောသွား ၊ ထား နှင့်တူသော အံ နှင့် ပြည့်စုံသော လူတမျိုးရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
13အလွန် စိတ် မြင့်၍ မော်ကြည့်တတ်သော လူ တမျိုး၊
Cross References
Job 29:17မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။
Psalms 3:7အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။
Psalms 12:5ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Psalms 52:2သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။
Psalms 57:5အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုး ပါစေသတည်း။
Proverbs 12:18သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။