The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 30

1ယာကေ သား အာဂုရ သည် ဣသေလ နှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊

2အကယ် စင်စစ်ငါ သည် လူ မဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူ ဉာဏ် နှင့် မ ပြည့်စုံ။

3ပညာ တရားကို မ သင် ၊ သန့်ရှင်း သော အရာတို့ ကို မလေ့ကျက်။

4ကောင်းကင် ဘုံသို့ အဘယ်သူ တက် သနည်း။ အဘယ်သူ ဆင်း လာသနည်း။ အဘယ်သူ သည် လေ ကို မိမိ လက် နှင့် ဆုပ်ယူ သနည်း။ အဘယ်သူ သည် ရေ ကို အဝတ် နှင့် ထုပ် ထားသနည်း။ မြေကြီး စွန်း ရှိသမျှ တို့ကို အဘယ်သူ တည် စေသနည်း။ ထိုသို့ပြုသောသူ ၏ အမည် နှင့် သူ ၏သား အမည် ကား အဘယ်သို့ နည်း။ သင်ပြော နိုင်သလော။

5ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။

6စကား တော်၌ ထပ်၍ မ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ ၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။

7ကိုယ်တော် ထံမှာ ဆုနှစ်ပါး ကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မ သေ မှီတိုင်အောင်ငြင်း တော်မ မူပါနှင့်။

8အကျွန်ုပ် မှ အနတ္တ နှင့် မုသာ ကိုပယ် တော်မူပါ။ ဆင်းရဲ ခြင်း နှင့် ငွေ ရတတ်ခြင်းကိုပေး တော်မ မူပါနှင့်။ အသက်မွေးလောက်သောအစာ ကိုသာ ပေး တော်မူပါ။

9သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရဘုရား ကား၊ အဘယ်သူ နည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုး သဖြင့် ၊ အကျွန်ုပ် ၏ ဘုရား သခင်နာမတော် ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို မည်ဟု စိုးရိမ်စရာ ရှိပါ၏။

10ကျွန် ၏ အကျိုး ကိုဖျက်ခြင်းငှါ သူ ၏သခင် ကို မ ပြောနှင့်။ ပြောလျှင် ကျွန်သည် သင့် ကိုကျိန်ဆဲ ၍၊ သင်၌ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၏။

11အဘ ကိုကျိန်ဆဲ ၍ အမိ ကိုလည်း ကောင်းကြီး မ ပေးတတ်သောလူတမျိုး၊

12ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊

13အလွန် စိတ် မြင့်၍ မော်ကြည့်တတ်သော လူ တမျိုး၊

14ဆင်းရဲ သောသူတို့ကို မြေကြီး ပေါ်က ၎င်း၊ ငတ်မွတ် သောသူတို့ကို လူ စုထဲက ၎င်း၊ ကိုက်စား ပယ်ရှားစရာဘို့ သန်လျက် နှင့်တူသောသွား ၊ ထား နှင့်တူသော အံ နှင့် ပြည့်စုံသော လူတမျိုးရှိ၏။

15မျှော့ ကောင်၌ ပေး ပါနှင့်ပေး ပါဟူသောသမီး နှစ် ကောင်ရှိ၏။ အလို ဆန္ဒမ ပြေနိုင်သော အရာသုံး ပါးမက၊ တန် တော့ဟု မ ဆို တတ်သော အရာလေး ပါးဟူမူကား၊

16သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ မ ဝ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။

17အဘ ကို ကျီစား သောသူ၊ အမိ စကားကိုနား မထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိ ကို ချိုင့် ၌ကျင်လည်သောကျီးအ တို့သည် နှိုက် ကြလိမ့်မည်။ ရွှေလင်းတ သငယ် တို့သည်လည်း စား ကြလိမ့်မည်။

18ငါ့ ဉာဏ် မမှီနိုင်သော အရာသုံး ပါးမက၊ ငါမသိ၊ နား မ လည်နိုင်သော အရာလေး ပါးဟူမူကား၊

19လေ ၌ ရွှေလင်းတ သွားရာလမ်း တပါး၊ ကျောက် ပေါ် မှာ မြွေ သွားရာလမ်း တပါး၊ ပင်လယ် အလယ် ၌ သင်္ဘော သွားရာလမ်း တပါး၊ အပျိုမ နှင့် ယောက်ျား သွား ရာလမ်း တပါးတည်း။

20မျောက်မထား သော မိန်းမ လမ်း လည်း ထို အတူ ဖြစ်၏။ အစာစား ပြီးမှ မိမိ ပစပ် ကိုသုတ် ၍ ၊ ဒုစရိုက် ကို ငါမ ပြု မိဟုဆို တတ်၏။

21မြေကြီး ကို မွှေနှောက် သောအရာသုံး ပါးမက၊ မြေကြီးမ ခံ နိုင် သော အရာလေး ပါးဟူမူကား၊

22မင်း ပြုသောကျွန် တပါး၊ ဝ စွာစားရသောလူမိုက် တပါး၊

23လက်ထပ် သော မိန်းမဆိုး တပါး၊ သခင်မ ဥစ္စာ ကို အမွေ ခံရသောကျွန်မ တပါးတည်း။

24မြေကြီး ပေါ်မှာ သေး နုပ်သော်လည်း ၊ အထူးသဖြင့် ပညာ ရှိသော အရာလေး ပါးဟူမူကား၊

25ခွန်အား မရှိသောအမျိုး ဖြစ်သော်လည်း ၊ နွေ ကာလ၌ မိမိ စားစရာ ကို ပြင်ဆင် တတ်သော ပရွက်ဆိတ် တပါး၊

26မ သန်စွမ်းသော အမျိုး ဖြစ်သော်လည်း ၊ ကျောက် တွင်း၌ နေရာ ချ တတ်သော ရှာဖန် ယုန်တပါး၊

27မင်း မ ရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွား တတ်သောကျိုင်း တပါး၊

28လက် ဖြင့် ကိုင် ဆွဲ၍ ၊ နန်းတော် ၌ ပင် နေတတ် သော အိမ်မြှောင် တပါးတည်း။

29ကောင်း စွာသွား တတ်သော အရာသုံး ပါးမက၊ အသွား လှ သော အရာလေး ပါးဟူမူကား၊

30တိရစ္ဆာန် တကာတို့ထက် ခွန်အားကြီး ၍၊ အဘယ် သူကိုမျှ မ ရှောင် တတ်သော ခြင်္သေ့ တပါး၊

31စစ်မြင်းတပါး၊ ဆိတ်ထီး တပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင် တပါးတည်း။

32သင်သည် ကိုယ်ကိုချီးမြှောက် ၍ မိုက်သောအမှု ကို ပြု မိသော် ၎င်း၊ မကောင်းသော အကြံကိုကြံ မိ သော် ၎င်း၊ သင်၏နှုတ် ကို လက် နှင့်ပိတ်ထားလော့။

33အကယ် စင်စစ်နို့ ကိုမွှေ လျှင် ထောပတ် ထွက် တတ်၏။ နှာခေါင်း ကိုဆွဲလိမ် လျှင် အသွေး ထွက် တတ်၏။ ထိုနည်းတူ ၊ ဒေါသ ကိုနှိုးဆော် လျှင် ခိုက်ရန် ထွက် တတ်၏။

← Proverbs 29Read In The App, Free →Proverbs 31 →

Study Proverbs 30

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031