Proverbs 4:24
ကောက် သောစကား တို့ကို၎င်း ၊ ငြင်းဆန် တတ် သော နှုတ်ခမ်း တို့ကို၎င်းဝေး စွာ ပယ်ရှောင် လော့။
မြန်မာကျမ်းစာ
In The King James Version
Put away from thee a froward mouth, and perverse lips put far from thee.
In Context
23နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။
25သင် ၏မျက်စိ သည် ရှေ့ရှု ကြည့် ၍ ၊ မျက်ခမ်း တို့ သည် တည့်တည့် အာရုံ ပြုစေလော့။
Cross References
Job 11:14သင် ပြုသောဒုစရိုက် ကိုပယ် ၍ သင့် အိမ် ၌ ဆိုးညစ် သောအမှုကို လက် မ ခံလျှင် ၎င်း၊
Proverbs 6:12ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။
Proverbs 8:13ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
Ezekiel 18:31သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။
Colossians 3:8ယခု မူကား ၊ ထိုအမှုအလုံးစုံ တို့ကို၎င်း၊ အမျက်ထွက် ခြင်း၊ စိတ်ဆိုး ခြင်း၊ မနာလို ခြင်း၊ သူ့ အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူး သော စကားကို သုံးခြင်းတို့ကို၎င်း၊ သင် တို့နှုတ် မှ ပယ်ရှင်း ကြလော့။
James 1:21ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။