The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 4

1ငါ့သား တို့၊ အဘ ၏နည်း ဥပဒေသကို နားထောင် ၍ ၊ ဉာဏ် သဘောကို နားလည် ခြင်းငှါ စေ့စေ့မှတ် ကြလော့။

2ကောင်း သောဩဝါဒ ကို ငါပေး ၏။ ငါ့ ပညတ် တရားကို မ ပယ် ကြနှင့်။

3ငါ မူကား ၊ အဘ ၏ရင် နှစ်၊ အမိ ရှေ့ မှာနူးညံ့ ၍ အချစ် ဆုံးသော သားဖြစ်၏။

4ငါ့ အဘသွန်သင် ၍ မြွက်ဆို လေသည်ကား၊ ငါ့ စကား ကို သင် ၏နှလုံး ၌ သွင်းမိ ၍၊ ငါ့ ပညတ် တို့ကို ကျင့် စောင့်သဖြင့် အသက်ရှင် လော့။

5ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ မ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို မ လွှဲ မရှောင်နှင့်။

6ပညာ ကိုမ စွန့် နှင့်။ သူသည်သင့် ကို ထိန်းသိမ်း လိမ့်မည်။ သူ့ ကိုချစ် လော့။ သင့် ကို စောင့် မလိမ့်မည်။

7ပညာ သည် အမြတ် ဆုံးသောအရာဖြစ်၏။ ပညာ ကိုဆည်းဖူး လော့။ ဆည်းဖူးသမျှ သောဥစ္စာ တို့တွင် ဉာဏ် ကိုဆည်းဖူး လော့။

8သူ့ ကိုအမြတ် ထားလော့။ သူသည် သင့် ကို ချီးမြှောက် လိမ့်မည်။ သူ့ ကိုဘက်ယမ်း လျှင် ၊ ဂုဏ် အသရေကိုပေး လိမ့်မည်။

9သင် ၏ခေါင်း ကို တင့်တယ် သောဦးရစ် နှင့် ပတ်ရစ် ၍၊ ဘုန်းကြီး သောသရဖူ ကို အပ်နှံ လိမ့်မည်။

10ငါ့ သား ၊ ငါ့ စကား ကိုနားထောင် နာယူ လော့။ သို့ပြုလျှင် ၊ သင့် အသက် နှစ် ပေါင်းများ လိမ့်မည်။

11ပညာ လမ်း ကို ငါပြသ ၍၊ မှန် သောလမ်း ခရီးတို့၌ သင့် ကိုငါပို့ဆောင် ၏။

12ရှောက်သွား လျှင် ၊ ကျဉ်းမြောင်း ရာသို့မ ရောက်၊ ပြေး သောအခါ တိုက်မိ၍မ လဲ ရ။

13ဥပဒေသ ကို ကိုင်ဆွဲ လော့။ မ လွှတ် နှင့်။ စောင့် ထား လော့။ အသက်ရှင် ခြင်း၏အကြောင်း ဖြစ်၏။

14အဓမ္မ လူတို့ လမ်း ထဲသို့ မ ဝင် နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မ လိုက် နှင့်။

15သူ တို့လမ်းကို ကြဉ်ရှောင် လော့။ လိုက်မ သွား နှင့်။ လွှဲ ၍ သွား လော့။

16သူတို့သည်သူတပါး၌ အပြစ် မ ပြုရလျှင် မ အိပ် တတ်။ တစုံတယောက်သော သူ ကိုမ လဲ စေလျှင် အိပ် ၍ မပျော်တတ်။

17ဒုစရိုက် နှင့်ဆိုင်သောမုန့် ကိုစား ၍ ညှဉ်းဆဲ ခြင်းနှင့်ဆိုင်သော စပျစ်ရည် ကို သောက် တတ်ကြ၏။

18ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။

19မ တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ သိ ရကြ။

20ငါ့ သား ၊ ငါ့ စကား ကို နားထောင် လော့။ ငါ ဟောပြော ချက်တို့ကို နား သွင်း လော့။

21သင့် မျက်မှောက် မှ မ ကွာ စေနှင့်။ နှလုံး တွင်း ၌ စောင့် ထားလော့။

22အကြောင်း မူကား၊ ထို တရားစကားကို တွေ့ ရ သောသူ တို့သည် အသက်ရှင် ခြင်း၊ တကိုယ်လုံး ကျန်းမာ ခြင်းအကြောင်း ကို တွေ့ရပြီ။

23နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။

24ကောက် သောစကား တို့ကို၎င်း ၊ ငြင်းဆန် တတ် သော နှုတ်ခမ်း တို့ကို၎င်းဝေး စွာ ပယ်ရှောင် လော့။

25သင် ၏မျက်စိ သည် ရှေ့ရှု ကြည့် ၍ ၊ မျက်ခမ်း တို့ သည် တည့်တည့် အာရုံ ပြုစေလော့။

26သင် သွား ရာလမ်း ကို စူးစမ်း ၍ ၊ သွား လေရာရာ ၌ တည်ကြည် ခြင်းရှိစေလော့။

27လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ တိမ်း မလွှဲနှင့်။ ဒုစရိုက် ပြုရာ လမ်း ကိုရှောင် လော့။

← Proverbs 3Read In The App, Free →Proverbs 5 →

Study Proverbs 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031