Proverbs 4:26
သင် သွား ရာလမ်း ကို စူးစမ်း ၍ ၊ သွား လေရာရာ ၌ တည်ကြည် ခြင်းရှိစေလော့။
မြန်မာကျမ်းစာ
In The King James Version
Ponder the path of thy feet, and let all thy ways be established.
In Context
25သင် ၏မျက်စိ သည် ရှေ့ရှု ကြည့် ၍ ၊ မျက်ခမ်း တို့ သည် တည့်တည့် အာရုံ ပြုစေလော့။
27လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ တိမ်း မလွှဲနှင့်။ ဒုစရိုက် ပြုရာ လမ်း ကိုရှောင် လော့။
Cross References
Psalms 37:23ကောင်းသောသူ၏ခြေရာ တို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူ သွားရာလမ်း ကို နှစ်သက် တော်မူ၏။
Psalms 119:5ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် နိုင်မည် အကြောင်း ၊ အကျွန်ုပ် သည် လမ်း ဖြောင့် ပါစေသော။
Proverbs 5:6သင်သည်အသက် လမ်း ကို မ ဆင်ခြင် ရအောင်၊ သူ့ ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား မ လည်နိုင်ရ။
Proverbs 15:21ဉာဏ် မ ရှိသောသူသည် မိုက် ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ် ရှိသောသူ မူကား ၊ ဖြောင့်မတ် သောအကျင့် ကို ကျင့် တတ်၏။
Proverbs 23:19ငါ့ သား ၊ ငါ့စကားကို နားထောင် ၍ ပညာ ရှိသဖြင့် ၊ ကိုယ် စိတ် နှလုံးကို လမ်းမ ၌ ပဲ့ပြင် လော့။
Haggai 1:5ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်ကျင့်သောအကျင့် တို့ ကို ဆင်ခြင် ကြလော့။