Proverbs 4:7
ပညာ သည် အမြတ် ဆုံးသောအရာဖြစ်၏။ ပညာ ကိုဆည်းဖူး လော့။ ဆည်းဖူးသမျှ သောဥစ္စာ တို့တွင် ဉာဏ် ကိုဆည်းဖူး လော့။
မြန်မာကျမ်းစာ
In The King James Version
Wisdom is the principal thing; therefore get wisdom: and with all thy getting get understanding.
In Context
Cross References
2 Chronicles 1:10အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
Psalms 119:104ကိုယ်တော် ၏ ဥပဒေသ များအားဖြင့် ၊ အကျွန်ုပ် သည် ဉာဏ် တိုးပွား ၍ ၊ မိစ္ဆာ လမ်း ရှိသမျှ တို့ကို မုန်း ပါ၏။
Proverbs 16:16ရွှေ ကိုရတတ်ခြင်းထက် ပညာ ကို ရ တတ်ခြင်း သည် အလွန် ကောင်း ၏။ ငွေ ကိုအမြတ် မထား၊ ဉာဏ် နှင့် ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။
Proverbs 23:23သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ၊ ဆုံးမ ဩဝါဒကို၎င်း ၊ ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။
Ecclesiastes 4:8လူ သည်အဘော် အဘက်၊ သားသမီး ၊ ညီအစ်ကို မ ရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစား အားထုတ်၍ မ ကုန်နိုင်။ မိမိစည်းစိမ် ကိုမြင် ၍ မ ရောင့်ရဲ နိုင်။ ငါ သည် ကိုယ်ကို ညှဉ်းဆဲ ၍ ၊ အဘယ်သူ အဘို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤ အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ပင်ပန်းစေသောအမှုဖြစ်၏။
Ecclesiastes 9:16ထိုအခါ ငါဆို သည်ကား၊ ပညာ သည် ခွန်အား ထက် သာ၍ကောင်းမြတ် ၏။ သို့သော်လည်း ၊ ဆင်းရဲ သောသူ၏ ပညာ ကို မထီမဲ့မြင် ပြုတတ်ကြ၏။ သူ ၏စကား ကို နား မ ထောင်တတ်ကြ။