Psalms 10:15
မတရားသဖြင့် ပြု၍ဆိုးသော သူ၏လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။
1835 Judson Burmese Bible
In The King James Version
Break thou the arm of the wicked and the evil man: seek out his wickedness till thou find none.
In Context
Cross References
2 Kings 21:12ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။
Psalms 3:7အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။
Psalms 37:17အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံး သည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရ ဘုရားမစတော်မူ၏။
Ezekiel 23:48ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး၌ ငါပယ်ရှင်းမည်။
Zephaniah 1:12ထိုကာလ၌ ငါသည် မီးခွက်ကို ကိုင်၍ ယေရုရှ လင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။