Psalms 104:2
အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော၊
1835 Judson Burmese Bible
In The King James Version
Who coverest thyself with light as with a garment: who stretchest out the heavens like a curtain:
In Context
Cross References
Job 36:30တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
Isaiah 45:12မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။
Habakkuk 3:4အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ၏။
Matthew 17:2သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။
Hebrews 1:10တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။