Psalms 116:13
ကယ်တင် ခြင်းခွက် ဖလားကို ကိုင် ယူ၍ ၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြုမည်။
မြန်မာကျမ်းစာ
In The King James Version
I will take the cup of salvation, and call upon the name of the LORD.
In Context
12ငါ ၌ ထာဝရဘုရား ပြုတော်မူသောကျေးဇူး အလုံးစုံ တို့ကို အဘယ်သို့ ဆပ် ရမည်နည်း။
14ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊ ထာဝရ ဘုရား၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေမည်။
Cross References
Psalms 16:5ထာဝရဘုရား သည် ငါ အမွေ ခံရာအဘို့ ၊ ငါ စားသောက် ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် အမွေ အနှစ်ကို စောင့်ရှောက် တော်မူ၏။
Psalms 105:1ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့အား ပြသ ကြလော့။
Psalms 116:17ကျေးဇူး တော်ချီးမွမ်းရာ ယဇ် ကို ရှေ့ တော်၌ ပူဇော် ၍ ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြုမည်။
Luke 22:17ခွက်ဖလား ကို ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ၊ ဤ ခွက်ကို ယူ ၍ အချင်းချင်း ဝေ ကြလော့။
1 Corinthians 10:16ငါတို့သည် ကျေးဇူး တော်ကို ချီးမွမ်း ရာ မင်္ဂလာ ခွက်ဖလားမူကား၊ ခရစ်တော် ၏အသွေး ကို ဆက်ဆံ ခြင်းဖြစ် သည် မ ဟုတ်လော။ ငါတို့ဖဲ့ သောမုန့် မူကား၊ ခရစ်တော် ၏ ကိုယ် ကို ဆက်ဆံ ခြင်းဖြစ် သည် မ ဟုတ်လော။
1 Corinthians 11:25ထိုနည်းတူ ၊ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား ငါ ၏အသွေး ၌ တည်သောပဋိညာဉ် တရား သစ် ဖြစ် ၏။ ဤခွက်ကို သောက် သောအခါ ၊ ငါ့ ကို အောက်မေ့ ဘို့ရာ သောက် ကြလော့ဟု မိန့် တော်မူ၏။