The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 116

1ထာဝရဘုရား သည် ငါ တောင်းပန် ခြင်း အသံ ကို ကြား ၍၊

2ငါ့ ဘက်သို့ နား တော်ကိုလှည့် တော်မူသောကြောင့် ၊ ငါနှစ်သက် ၏။ ငါ အသက် ရှည်သမျှ ကာလ ပတ်လုံး၊ ထာဝရဘုရားကို ပဌနာ ပြုမည်။

3သေခြင်း ကြိုး တို့သည် ငါ့ ကိုဝိုင်း ၍ မရဏာ နိုင်ငံဘေး တို့သည် ငါ့ ကို ဘမ်းမိ သဖြင့်၊ ဆင်းရဲ ဒုက္ခဝေဒနာ နှင့် ငါတွေ့ကြုံ ရ၏။

4ထိုအခါ အို ထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို ကယ်နှုတ် တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား ၏နာမတော် ကို ပဌနာ ပြု၏။

5ထာဝရဘုရား သည် ကျေးဇူး ပြုတတ်သော သဘော၊ ဖြောင့်မတ် သော သဘောရှိတော်မူ၏။ ငါ တို့ ဘုရား သခင်သည် ကရုဏာ စိတ်ရှိတော်မူ၏။

6ထာဝရဘုရား သည် မ လိမ္မာသောသူတို့ ကို စောင့်မ တော်မူ၏။ ငါသည် နှိမ့်ချ လျက်ရှိသောအခါ ကယ်တင် တော်မူ၏။

7အိုငါ့ ဝိညာဉ် ၊ သင် ၏ငြိမ်ဝပ် ရာသို့ ပြန် လော့။ ထာဝရဘုရား သည် သင် ၌ ကျေးဇူး ပြုတော်မူပြီ။

8ကိုယ်တော်သည် အကျွန်ုပ် အသက် ကို သေခြင်း မှ ၎င်း၊ အကျွန်ုပ် မျက်စိ ကို မျက်ရည် ကျခြင်းမှ ၎င်း၊ အကျွန်ုပ် ခြေ ကိုလည်း ထိမိ၍လဲ ခြင်းမှ ၎င်း ကယ်လွှတ် တော်မူပြီ။

9သို့ဖြစ်၍၊ အသက်ရှင် သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ငါကျင့် ၍ နေရ၏။

10ငါသည် အလွန် ညှိုးငယ် ခြင်းကို ခံရ၏ဟု မြွက် ဆိုသော်လည်း ၊ ယုံကြည် သောစိတ် ရှိသေး၏။

11လူ အပေါင်း တို့သည် မုသာ ကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြော မိ၏။

12ငါ ၌ ထာဝရဘုရား ပြုတော်မူသောကျေးဇူး အလုံးစုံ တို့ကို အဘယ်သို့ ဆပ် ရမည်နည်း။

13ကယ်တင် ခြင်းခွက် ဖလားကို ကိုင် ယူ၍ ၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြုမည်။

14ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊ ထာဝရ ဘုရား၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေမည်။

15ထာဝရဘုရား ရှေ့ တော်၌ မိမိ သန့်ရှင်း သူတို့၏ သေ ခြင်းအရာသည် အဘိုး ကြီးလှ၏။

16အို ထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် မှန် ပါ၏။ ကိုယ်တော် ၏ ကျွန် မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ် ၌ အချည် အနှောင်ကို လွှတ် တော်မူပြီ။

17ကျေးဇူး တော်ချီးမွမ်းရာ ယဇ် ကို ရှေ့ တော်၌ ပူဇော် ၍ ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြုမည်။

18ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊

19အိုယေရုရှလင် မြို့၊ သင် ၏အလယ် မှာ ထာဝရဘုရား ၏ အိမ် တော်တန်တိုင်း အတွင်းတွင် ၊ ထာဝရ ဘုရား ၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေပါမည်။ ဟာလေလုယ။

← Psalms 115Read In The App, Free →Psalms 117 →

Study Psalms 116

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150