Psalms 119:95
အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည်။
1835 Judson Burmese Bible
In The King James Version
The wicked have waited for me to destroy me: but I will consider thy testimonies.
In Context
96ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်း ပါ၏။
Cross References
1 Samuel 23:20အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
Psalms 10:8ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသော သူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ် ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။
Psalms 37:32မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။
Psalms 119:24သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။
Psalms 119:61မတရားသောသူ အစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ။
Psalms 119:85မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ။