Psalms 148:8
မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
1835 Judson Burmese Bible
In The King James Version
Fire, and hail; snow, and vapours; stormy wind fulfilling his word:
In Context
7မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
9တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
Cross References
Exodus 9:23မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေ တော်မူသဖြင့်၊
Exodus 10:19ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ဧဒုံပင်လယ်၌ ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှ မကျန်ရစ်။
Leviticus 10:2ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။
Joshua 10:11ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
Job 37:12လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
Psalms 18:12ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။