Psalms 18:13
ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
12ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။
14လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
Cross References
Exodus 9:24အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။
Deuteronomy 32:24သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။
1 Samuel 7:10ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာ မိုဃ်းချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။
Psalms 11:6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
Psalms 78:48သူတို့၏ သိုးနွားများကို မိုဃ်းသီး၌၎င်း၊ ပြုစု သော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။
Psalms 120:3အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။