Psalms 21:11
အကြောင်း မူကား၊ ကိုယ်တော် တဘက် ၌ မကောင်း သော အကြံကိုကြံစည် ၍၊ မကောင်းသောပရိယာယ် ကိုပြု ကြပါပြီ။ သို့ရာတွင်အကြံမ ထ မြောက်ကြပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
10သူ တို့အမျိုး အနွယ်ကို မြေကြီး မှ ပယ်ရှင်း ၍ ၊ သား စဉ်မြေးဆက်တို့ကို လူမျိုး ထဲက ဖျက်ဆီးတော်မူမည်။
12ထိုကြောင့် သူ တို့မျက်နှာ တဘက် ၌ လေး မြှားတို့ ကိုရွယ် ၍၊ သူ တို့ကျော ကို လှည့် စေတော်မူမည်။
Cross References
Psalms 10:2မတရား သောသူသည် မာန စိတ်ရှိ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲ တတ်ပါ၏။ မိမိ ပြုသော ပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီး တတ်ပါ၏။
Psalms 35:20အကြောင်း မူကား၊ သူတို့သည် အမှု ငြိမ်းစေ သော စကားကို မ ပြော ကြပါ။ ငြိမ်ဝပ် စွာနေသောပြည် သား တို့တဘက် ၌ လျှို့ဝှက် သောအမှု များကို ကြံစည် ကြပါ ၏။
Psalms 109:13သူ ၏အနွှယ် သည် ပြတ် ပါစေ။ လူမျိုး ဆင်းသက်၍ တဆက်တည်းတွင် ၊ သူ တို့၏ နာမည် သည် ကျေ ပျောက် ပါစေ။
Isaiah 8:9အချင်းလူ များတို့၊ သင်းဖွဲ့၍မှိုင်တွေ ကြလော့။ ဝေး သောပြည် သားအပေါင်း တို့၊ နားထောင် ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြ လော့။
Ezekiel 11:2ဗျာဒိတ် တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မ ကောင်းသောအကြံကို ကြံစည် ၍ ၊ ဤ မြို့ ၌ မ တရားသော တိုင်ပင် ခြင်းကို ပြု သောသူဖြစ်ကြ၏။
Matthew 2:16ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။