Psalms 21:3
ကောင်းမြတ် သော မင်္ဂလာ တို့ကို အဦး ပြု၍ ပေး တော်မူပြီ။ ရွှေစင် သရဖူ ကို သူ ၏ခေါင်း ပေါ် မှာ တင် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
2သူ ၏နှုတ် နှင့် ဆုတောင်း သည်ကို ငြင်းပယ် တော်မ မူ။ သူ ၏စိတ် အလို ရှိသည်အတိုင်း ပေး သနားတော်မူပြီ။
4သူ သည် အသက် ကို ဆုတောင်း ၍၊ ကိုယ်တော်သည်အသက်မက၊ ထာဝရ အသက် ကို ပေး သနားတော်မူပြီ။
Cross References
1 Samuel 16:13ရှမွေလ သည်လည်း ၊ ဆီ ဘူး ကိုယူ ၍ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏။
2 Samuel 5:3ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာဟေဗြုန် မြို့သို့ ရောက်လာ လျှင် ၊ ဒါဝိဒ် မင်းကြီး သည် ဟေဗြုန် မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သူတို့သည် ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
1 Chronicles 20:2ယွာဘ သည် ရဗ္ဗာ မြို့ကို တိုက်ဖျက် ပြီးမှ ၊ ဒါဝိဒ် သည် မင်းကြီး ၏ သရဖူ ကိုချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာ တင်ကြ၏။ သရဖူအချိန် ကား၊ ကျောက် မြတ် ကိုမဆိုဘဲ ရွှေ အခွက် တဆယ်ရှိ သတည်း။ မြို့ ၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
Job 41:11ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။
Psalms 20:5ကိုယ်တော် ၏ကယ်တင် ခြင်းကြောင့် အကျွန်ုပ်တို့သည် ဝမ်းမြောက် ၍၊ အကျွန်ုပ်တို့ ဘုရား သခင်၏ အခွင့် နှင့် အလံ ကို ထူကြလိမ့်မည်။ ထာဝရဘုရား သည် ကိုယ်တော် ဆုတောင်း သမျှအတိုင်း ကျေးဇူး ပြုတော်မူပါစေသော။
Psalms 59:10ကရုဏာ အရှင် ဘုရား သခင်သည် အကျွန်ုပ် ကို ကူမခြင်းငှါကြွလာ တော်မူမည်။ ရန်သူ တို့ကို အကျွန်ုပ် ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည်။