Psalms 26:8
အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော် တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကို ၎င်း အကျွန်ုပ်နှစ်သက်ပါ၏။
1835 Judson Burmese Bible
In The King James Version
LORD, I have loved the habitation of thy house, and the place where thine honour dwelleth.
In Context
Cross References
Exodus 25:21သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။
2 Samuel 15:25ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။
2 Chronicles 5:14ထိုသို့ဘုရားသခင်၏ အိမ်တော်သည် ထာဝရ ဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ်၍ မနေနိုင်ကြ။
2 Chronicles 7:2ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။
Psalms 42:4ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။
Psalms 84:1ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား၊