Psalms 31:21
ထာဝရဘုရား ၌ မင်္ဂလာ ဖြစ်စေသတည်း။ အကြောင်း မူကား၊ ခိုင်ခံ သောမြို့ ၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ် အား ထင်ရှား ပြတော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
Blessed be the LORD: for he hath shewed me his marvellous kindness in a strong city.
In Context
Cross References
1 Samuel 23:7ဒါဝိဒ် သည် ကိလ မြို့သို့ ရောက် ကြောင်း ကို ရှောလု သည်ကြား လျှင် ၊ ဘုရား သခင်သည် သူ့ ကို ငါ့ လက် သို့ အပ် တော်မူပြီ။ တံခါး နှင့် ကန့်လန့်ကျင် ရှိသောမြို့ ထဲသို့ ဝင် သဖြင့်၊ အချုပ် ခံလျက် နေရသည်ဟု ဆို လျက်၊
Psalms 17:7ကိုယ်တော် ကို ခိုလှုံ သောသူတို့ကို သူပုန် တို့လက် မှ ၊ လက်ျာ လက်တော်အားဖြင့် ကယ်နှုတ် တော်မူသောဘုရား၊ ထူးဆန်း သော မေတ္တာ ကျေးဇူးတော်ကို ပြတော်မူ ပါ။
Psalms 98:1ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
Jeremiah 1:18ကြည့်ရှု လော့။ ယုဒ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားတည်းဟူသောတနိုင်ငံ လုံး တစ်ဘက် ၌၊ ခိုင်ခံ့ သော မြို့ ၊ သံ တိုင် ၊ ကြေးဝါ ထရံ အရာ၌ သင့် ကို ယနေ့ ငါခန့် ထား၏။