Psalms 68:8
ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
1835 Judson Burmese Bible
In The King James Version
In Context
7အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
9အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
Cross References
Exodus 19:16သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
Deuteronomy 5:23သင်တို့သည် မှောင်မိုက်ထဲက စကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့မျိုးနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူ တို့သည် ငါ့ထံသို့ချဉ်းကပ်၍၊
Judges 5:4အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။
Psalms 68:35အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Psalms 114:7အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
Isaiah 64:1ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။