Psalms 79:13
သို့ဖြစ်၍ ၊ ကိုယ်တော် ထံ ၌ ကျက်စား သော သိုးစု တည်းဟူသော ကိုယ်တော် ၏လူ အကျွန်ုပ် တို့သည် ကိုယ်တော် ကို အစဉ် မပြတ်ချီးမွမ်း ၍၊ ဂုဏ် ကျေးဇူးတော် ကို အစဉ် အဆက် ဖြစ်လတံ့သောသူတို့အား ဘော်ပြ ကြပါမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 44:8အကျွန်ုပ်တို့သည် မ ခြားမလပ်ဘုရား သခင်၌ ဝါကြွား ၍ နာမတော် ကို အစဉ် အမြဲချီးမွမ်း ကြပါ၏။
Psalms 74:1အို ဘုရား သခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ် တော်မူသနည်း။ ကိုယ်တော် ထံမှာကျက်စား သော သိုး တို့ကို အဘယ်ကြောင့်အမျက် ထွက်တော်မူသနည်း။
Psalms 74:22အို ဘုရား သခင်၊ ထ တော်မူပါ။ ကိုယ် အမှု ကို စီရင် ဆုံးဖြတ်တော်မူပါ။ မိုက် သောသူသည် ကိုယ်တော် အား အစဉ် ကဲ့ရဲ့ သည်ကို အောက်မေ့ တော်မူပါ။
Psalms 100:3ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။
Isaiah 43:21အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။