The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 79

1အိုဘုရား သခင်၊ တပါးအမျိုးသား တို့သည် အမွေ တော်ထဲသို့ ဝင် ပြီးလျှင်၊ သန့်ရှင်း သော ဗိမာန် တော် ကို ညစ်ညှုး စေ၍၊ ယေရုရှလင် မြို့ကို ဖြိုဖျက် ကြပါပြီ။

2ကိုယ်တော် ၏ ကျွန် အသေ ကောင်တို့ကို မိုဃ်း ကောင်းကင် ငှက် တို့အား ၎င်း၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့ အသား ကို တော သားရဲတို့အား ၎င်း ကျွေး ကြပါပြီ။

3သူ တို့အသွေး ကိုလည်း ရေ ကဲ့သို့ ယေရုရှလင် မြို့ ပတ်လည် ၌ သွန် ကြ၍ ၊ သင်္ဂြိုဟ် သော သူလည်းမ ရှိပါ။

4အကျွန်ုပ် တို့သည် အိမ် နီးချင်းများ ကဲ့ရဲ့ ရာ ၊ ပတ်ဝန်းကျင် ၌ နေသောသူများ ပြက်ယယ် ပြု၍ အရှက်ခွဲ ရာ ဖြစ် ကြပါ၏။

5အို ထာဝရဘုရား ၊ အမျက် တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလ ပတ်လုံးထွက်ပါမည်နည်း။ အဘယ် မျှကာလပတ်လုံး စိတ် တော်သည် မပြေ၊ မီး ကဲ့သို့ လောင် ပါမည်နည်း။

6ကိုယ်တော် ကို မ သိ သောတပါး အမျိုးသား တို့ အပေါ် သို့၎င်း၊ နာမတော် ကို ပဌနာ မပြုသော တိုင်း နိုင်ငံသားတို့အပေါ် သို့၎င်း၊ အမျက် တော်ကို သွန်းလောင်း တော်မူပါ။

7အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုးကို ကိုက်စား ၍ ၊ သူ ၏နေရာ ကိုလည်း သုတ်သင် ပယ်ရှင်းကြ ပါပြီ။

8ရှေး ကပြစ်မှားမိသော အပြစ် များကို အကျွန်ုပ် တို့၌ မှတ် တော်မ မူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချ လျက်ရှိပါသည်ဖြစ်၍ ၊ ကရုဏာ တော်သည် အလျင် အမြန်ကူမ ပါစေသော။

9ကယ်တင် တော်မူသောဘုရား ၊ နာမတော် ၏ ဂုဏ် ကိုထောက် ၍ အကျွန်ုပ် တို့ကို မစ တော်မူပါ။ နာမတော် အတွက် ကြောင့်၊ အကျွန်ုပ် တို့ကို နှုတ် ယူ၍ အပြစ် များကို ဖြေရှင်း တော်မူပါ။

10သူ တို့၏ ဘုရား သခင်သည် အဘယ် မှာရှိ သနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့် ဆို ရကြပါမည်နည်း။ သွန် ပြီးသော ကျွန် တော်မျိုး၏ အသွေး ဘက်မှာ တရားစီရင်တော်မူသောအကြောင်းသည် တပါးအမျိုးသား တို့တွင် အကျွန်ုပ် တို့ မျက်မှောက် ၌ ထင်ရှား ပါစေသော။

11အချုပ် ခံရသောသူ ၏ ညည်းတွား သံကို နားထောင်တော်မူပါ။ သေ ရသောသူ တို့ကို လက်ရုံး တော် တန်ခိုး ကြီးသည်နှင့်အညီ ချမ်းသာ ပေးတော်မူပါ။

12အကျွန်ုပ် တို့ အိမ် နီးချင်းတို့သည် ကိုယ်တော် အား ကဲ့ရဲ့ ခြင်းအပြစ် ကို သူ တို့ရင်ခွင် ထဲသို့ ခုနစ် ဆတိုင်အောင် ဆပ် ပေးတော်မူပါဘုရား။

13သို့ဖြစ်၍ ၊ ကိုယ်တော် ထံ ၌ ကျက်စား သော သိုးစု တည်းဟူသော ကိုယ်တော် ၏လူ အကျွန်ုပ် တို့သည် ကိုယ်တော် ကို အစဉ် မပြတ်ချီးမွမ်း ၍၊ ဂုဏ် ကျေးဇူးတော် ကို အစဉ် အဆက် ဖြစ်လတံ့သောသူတို့အား ဘော်ပြ ကြပါမည်။

← Psalms 78Read In The App, Free →Psalms 80 →

Study Psalms 79

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150