Psalms 91:13
သင်သည် ခြင်္သေ့ နှင့် မြွေဆိုး အပေါ် မှာ ကျော် သွား၍၊ ခြင်္သေ့ ပျိုနှင့် နဂါး တို့ကို ခြေဖြင့်နင်း လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
12သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှါ၊ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်။
Cross References
1 Samuel 17:37ခြင်္သေ့ လက် ၊ ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ၊ ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။
Psalms 58:4သူ တို့အဆိပ် သည် မြွေ အဆိပ် နှင့် တူ ၏။ နားပင်း သော မြွေဆိုး သည် မိမိ နား ကို ပိတ် ၍၊
Daniel 6:22အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
Luke 10:19သင် တို့သည် မြွေ ၊ ကင်းမြီးကောက် တို့ကို နိုင် ရသောအခွင့် နှင့် ရန်သူ များ ကို နိုင်ရ သော အခွင့် တန်ခိုးကို ငါပေး ၏။ သင် တို့ကို အဘယ် ဘေးမျှ မ ညှဉ်းဆဲ ရ။
Romans 3:13သူ တို့၏လည်ချောင်း သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ သူ တို့သည်လျှာ နှင့် လှည့်စား တတ် ကြ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
2 Timothy 4:17သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။