Psalms 97:9
အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။
1835 Judson Burmese Bible
In The King James Version
For thou, LORD, art high above all the earth: thou art exalted far above all gods.
In Context
Cross References
1 Chronicles 17:20သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ။
Psalms 92:9အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။
Psalms 96:4ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
Psalms 135:5ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
Isaiah 33:5ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသ ဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေ တော်မူ၏။
Jeremiah 10:10ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက် ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုး တို့သည် အမျက်တော်ကို မခံနိုင်ကြ။