ဗျာဒိတ်ကျမ်း 1:18
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 18:46ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
Isaiah 22:22ဒါဝိဒ်မင်းမျိုး၏ တံခါးသော့ကိုသူ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင် အောင် ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ် လိမ့်မည်။
John 14:19ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
Romans 14:8အသက်ရှင်လျှင်၊ သခင်ဘုရားအဘို့ အလိုငှါ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရား အဘို့အလိုငှါ သေ၏။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။
2 Corinthians 13:4အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်း သော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။
Colossians 3:3အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရား သခင်၌ ဝှက်ထားလျက်ရှိ၏။