ဗျာဒိတ်ကျမ်း 19:12
မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်း တော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
13အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။
Cross References
Genesis 32:29ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။
Judges 13:18ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို၏။
Song of Solomon 3:11ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။
Isaiah 62:3သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့် တယ်သော ဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။
Matthew 11:27ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီး။ ခမည်းတော်မှတပါးအဘယ် သူမျှ သားတော်ကိုမသိ။ သားတော်နှင့်သားတော်သည် လင်းစေလိုသော သူမှတပါး အဘယ်သူမျှ ခမည်းတော် ကိုမသိ။
Matthew 28:18ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။